ကျွန်ုပ်တို့အကြောင်း

အရည်အသွေးညံ့ဖျင်းသော ထုတ်ကုန်များ၊ အန္တရာယ်များပြီးဘေးဥပါဒ်မကင်းသော အစားအစာ၊ ဆေးဝါးများနှင့် အဖ က်ဖက်မှနိမ့်ကျလာသော ဝန်ဆောင်မှုများသည် စားသုံးသူပြည်သူများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး သက်ရောက် မှုများရှိလာပါသည်။ သို့အတွက်ကြောင့်မို့ စားသုံးသူပညာရေးကို အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံး သူပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ ထိုအခြေအနေများကြောင့် မြန်မာစားသုံးသူများသမဂ္ဂ အမှုဆောင်အဖွဲ့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်(၁၅)ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၄င်းတတ်သိပညာရှင်များမှာ ဆေးပညာနယ်ပယ်၊ ဥပဒေနယ်ပယ်၊ စိုက်ပျိုးရေးနယ်ပယ်၊ အင်ဂျင်နီယာ နယ်ပယ်၊ ဓာတုဗေဒနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်စသည့် နယ်ပယ်ဏ္ဍစုံမှ ပါဝင်ပါသည်။

ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင် (အမှတ် ၁/ပြည်တွင်း/၀၄၈၅) ကိုလဲ ၂၀၁၇ခုနှစ်၊ ဇွန်လ၊ ၂၉ရက် တွင် ရရှိခဲ့ပါသည်။ ၂၀၁၈ခုနှစ် ဧပြီ လ ၆ရက်နေ့ တွင်လည်း နိုင်ငံတကာစားသုံးသူအဖွဲ့ (Consumers International) ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ပါသည်။