စားသုံးသူပညာရေးဘာသာရပ်ကို အခြေခံပညာအလယ်တန်း သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း

ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းက နိုင်ငံသားများအား စားသုံးသူပညာပေးရေး (Consumer Education) ဘာသာရပ်ကို သင်ကြားပေးခြင်းဖြင့် စားသုံးသူရေးရာ အသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူ သုံးစွဲလာခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါးအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ ဈေးကွက်တွင် အလိုအလျောက် တဖြည်းဖြည်းပျောက်ကွယ် သွားမည်ဖြစ်ရာ ၄င်းဘာသာရပ်ကို အခြေခံပညာ အလယ်တန်း (၆၊ ၇၊ ၈)တန်း သင်ရိုးညွန်းတန်း မှစ၍ ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

(ကြေးမုံသတင်းစာ ၂၀၁၇ခုနှစ်၊ ဇွန်လ ၃ ရက်နေ၊့ စာမျက်နှာ ၅ လွှတ်တော်ရေးရာ မှ ကူးယူတင်ပြပါသည်။)

အဆိုပါသတင်းအား MNTV မှထုတ်လွှင့်သော ဗီဒီယိုဖိုင်ကိုကြည့်ရန်

https://www.facebook.com/mntvnewsofficial/videos/1830258753957344/

About the Author

Leave a Reply

You may also like these