တင်ဆက်မှု

စားသုံးသူဗဟုသုတအသိပညာပေး

စားသုံးသူ ရပိုင်ခွင့်အခွင့်အရေး (၈)ချက်

  1. စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊
  2. ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊
  3. ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊
  4. ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊
  5. စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိစေခြင်း၊
  6. ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့် ရရှိခြင်း၊
  7. စားသုံးသူဆိုင်ရာ အသိပညာပေးများ သိရှိလေ့လာနိုင်ခွင့်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိခြင်း၊
  8. ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် ရရှိစေခြင်း။

စားသုံးသူ တာဝန်ဝတ္တရား(၅)ချက် (UN လမ်းညွှန်မှ)

  1. အထူးသတိရှိခြင်း (Critical Awareness)
  2. ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်ခြင်း (Action)
  3. လူမှုဝန်းကျင်ကို အလေးထားပူပန်မှုရှိခြင်း ( Social Awareness)
  4. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရားရှိခြင်း ( Environmental Awareness)
  5. စားသုံးသူ အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း ( Solidarity)

စားသုံးသူဆိုင်ရာ ပညာရေးကို အဘယ်ကြောင့် ကျွန်ုပ်တို့ လိုအပ်ပါသနည်း။

  • သတင်းအချက်အလက်ကိုအခြေခံ၍ ဆန်းစစ်ရွေးချယ်နိုင်မှုကို အကျိုးပြုခြင်း
  • စားသုံးသူများအား တန်ဘိုးထားတတ်မှုစနစ်များ တိုးတက်လာစေခြင်း
  • စားသုံးသူတစ်ဦး၏ တာဝန်ဝတ္တရားနှင့်အခွင့်အရေးများကို အသိအမှတ်ပြုလာခြင်း
  • အမြှော်အမြင်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ခြင်း
  • စားသုံးသူတို့၏ အခွင့်အရေးကြိုးပမ်းမှုများအား အထောက်အကူ ဖြစ်စေခြင်း