စားသုံးသူဗဟုသုတအသိပညာပေး
စားသုံးသူ ရပိုင်ခွင့်အခွင့်အရေး (၈)ချက်
- စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊
- ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊
- ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊
- ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊
- စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိစေခြင်း၊
- ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့် ရရှိခြင်း၊
- စားသုံးသူဆိုင်ရာ အသိပညာပေးများ သိရှိလေ့လာနိုင်ခွင့်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိခြင်း၊
- ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် ရရှိစေခြင်း။
စားသုံးသူ တာဝန်ဝတ္တရား(၅)ချက် (UN လမ်းညွှန်မှ)
- အထူးသတိရှိခြင်း (Critical Awareness)
- ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်ခြင်း (Action)
- လူမှုဝန်းကျင်ကို အလေးထားပူပန်မှုရှိခြင်း ( Social Awareness)
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရားရှိခြင်း ( Environmental Awareness)
- စားသုံးသူ အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း ( Solidarity)
စားသုံးသူဆိုင်ရာ ပညာရေးကို အဘယ်ကြောင့် ကျွန်ုပ်တို့ လိုအပ်ပါသနည်း။
- သတင်းအချက်အလက်ကိုအခြေခံ၍ ဆန်းစစ်ရွေးချယ်နိုင်မှုကို အကျိုးပြုခြင်း
- စားသုံးသူများအား တန်ဘိုးထားတတ်မှုစနစ်များ တိုးတက်လာစေခြင်း
- စားသုံးသူတစ်ဦး၏ တာဝန်ဝတ္တရားနှင့်အခွင့်အရေးများကို အသိအမှတ်ပြုလာခြင်း
- အမြှော်အမြင်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ခြင်း
- စားသုံးသူတို့၏ အခွင့်အရေးကြိုးပမ်းမှုများအား အထောက်အကူ ဖြစ်စေခြင်း