မြန်မာစားသုံးသူများသမဂ္ဂသည် စားသုံးသူရေးရာနှင့် မြန်မာ့စားသုံးသူရေးရာ အစီရင်ခံစာမှ တွေ့ရှိချက်များအား တင်ပြဆွေးနွေးပွဲကို နေပြည်တော်၌ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
ထိုတင်ပြဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှအမတ်များ၊ ဋ္ဌာနဆိုင်ရာမှ အကြီးအကဲများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာစားသုံးသူများသမဂ္ဂမှ ဒုဥက္ကဋ္ဌ ဒေါက်တာဦးဋ္ဌေးလွင် နှင့် တွဲဘက်အတွင်းရေးမှုး-၃ ဦးဝင်းမင်းမှ မြန်မာစားသုံးသူများသမဂ္ဂနှင့် စားသုံးသူကာကွယ်ရေး အကြောင်းကို၎င်း၊ တွဲဘက်အတွင်းရေးမှုး-၁ ဒေါက်တာမိုမိုတင်မှ မြန်မာ့စားသုံးသူများအရေး အစီရင်ခံစာမှ တွေ့ရှိချက်များအား၎င်း၊ အကြံပေးပုဂ္ဂိုလ် ဆလိုင်းနိုင်းဟိုင်ကွန်းမှ စားသုံးသူအသိပညာပေးရေး၏ အရေးပါပုံများကို၎င်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းမှလည်း စားသုံးသူပညာရေးနှင့် မြန်မာစားသုံးသူများသမဂ္ဂ အကြောင်းကို ဆွေးနွေးပြောကြားသွားပါသည်။ ဦးရန်လင်းသည် မြန်မာစားသုံးသူများသမဂ္ဂ၏ ဥက္ကဋ္ဌလည်းဖြစ်ခဲ့ဘူးသူဖြစ်ပါသည်။
MCU Advocacy Meeting on Presenting Findings of Myanmar Consumer Report